ဘုရားသခင် ဂရုမစိုက်လို့လား
အရက်မူးနေသည့် ယာဉ်မောင်းက မတော်တဆမှုတွင် မည်သည့်ထိခိုက်ဒဏ်ရာမှ မရဘဲ ဘာကြောင့် ခရီးသည်က အပြင်းအထန် ဒဏ်ရာရသနည်း။ သူတော်ကောင်းများ ဒုက္ခဆင်းရဲခံစားရချိန်တွင် လူယုတ်မာများက ဘာကြောင့် ကောင်းစားနေရသနည်း။ ဘ၀၌ ဖြစ်ပျက်နေသော အခြေအနေများကြောင့် “ဘုရားသခင် ဂရုမစိုက်ဘူးလား’’ ဟု သင်အော်ဟစ်မိလျက် အဘယ်မျှ စိတ်ရှုတ်ခဲ့ရသနည်း။
ဟဗက္ကုတ်သည်လည်း စက်ဆုပ်ဖွယ်ရာနှင့် မတရားမှုများ ၀န်းရံနေသည့် စိတ်ဓာတ်ကျဖွယ် အခြေအနေ များကို ယုဒပြည်တွင် မြင်ခဲ့ရသောအခါ အထက်ပါ မေးခွန်းကို မေးခဲ့သည် (ဟဗ ၁း၁-၄)။ နားမလည်နိုင်မှုကြောင့် ‘‘ဒီအခြေအနေတွေကို ဘုရား ဘယ်တော့ ပြုပြင်ပေးမှာလဲ’’ ဟု ဘုရားသခင်ကို မေးမိသည်။ ဘုရား၏အဖြေက ရှင်းပါ သည်။
ယုဒလူတို့ လမ်းမှန်သို့ ပြန်ရောက်စေရန် အလို့ငှာ
ခါလဒဲလူတို့ကို အသုံးပြုမည်ဖြစ်ကြောင်း ဘုရားသခင် မိန့်ကြား ခဲ့သည်။ ခါလဒဲလူတို့သည် ရက်စက် ကြမ်းကြုတ်မှု…
လူထုစွမ်းအား
ဩစတြေးလျနိုင်ငံ ၊ ပါ့သ်မြို့ ဘူတာရုံ၌ လူတစ်ဦးသည် ရထားပေါ်အတက်တွင် ခြေချော်ကာ ရထားတွဲနှင့် ပလက်ဖောင်းကြားတွင် သူ့ခြေထောက်ညှပ်သွားသည်။ ခရီးသည် ဒါဇင်ပေါင်းများစွာက သူ့ကိုကယ်ရန် အလျင်အမြန်ရောက်လာကြပြီး မရပ်မနား
တက်ဆင်းတက်ဆင်း လုပ်ပေးကြ၍ ရထားတွဲနှင့် ပလက်ဖောင်းကြား ညှပ်မိနေသူမှာ လွတ်မြောက်သွားသည်။ ရထားဝန်ဆောင်မှုဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် ဟိုင်းနက်စ် က တွေ့ဆုံ မေးမြန်းမှုတွင် ‘လူတိုင်းက မြန်မြန်ဆန်ဆန်နဲ့ တက်ညီလက်ညီ လှုပ်ရှားကြတယ်။ အဲဒါဟာ လူတစ်ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရမဲ့ ဘေးက ကယ်တင်ပေးလိုက်နိုင်တဲ့ လူ့စွမ်းအားပဲ ဖြစ်တယ်´ ဟု ပြောပြသည်။
လူထုစွမ်းအားဆိုသည်မှာ ဘုရားသခင်၏ မိသားစုကြီး ကို တည်ဆောက်သည့် ဘုရား၏အကြံအစည်ဖြစ်ကြောင်း ဧဖက် ၄ တွင် ကျွန်ုပ်တို့ ဖတ်ရသည်။ ဘုရားသခင်က ကျွန်ုပ်တို့ တစ်ယောက်စီတိုင်းကို သူ့ကျေးဇူးတော်အားဖြင့် ထူးခြားသော ဆုကျေးဇူးစွမ်းရည်ကိုယ်စီ ပေးထားသည်…
နောက်တစ်ခါ မဖြစ်စေနဲ့
ကျွန်မဖုန်းထဲသို့ ၀င်လာသည့်စာကို ဖတ်ရင်း ဒေါသစိတ်တို့ တရိပ်ရိပ်တက်ကာ
ဆူပွက်လာသည်။ ပြန်စာဆိုးဆိုးညစ်ညစ် တစ်စောင်ရေးလိုက်ရန် ပြင်ဆင်ပြီးမှ
အတွင်းစိတ်ကို လျှော့ကာ မနက်ဖြန်မှစာပြန်ရန် စိတ်ပြောင်းလိုက်သည်။ နောက်တစ်နေ့
မနက် အိပ်ရေး၀၀အိပ်ပြီး နိုးလာချိန်တွင် ကျွန်မ အလွန်အမင်း
စိတ်ဆိုးခဲ့သည့်ကိစ္စက ဘာမှမဟုတ်တော့ပါ။ အခြားသူ
တစ်ဦး၏အရေးကိစ္စကို ကျွန်မကိစ္စထက်ပိုပြီး အရေး မလုပ်လို
သောကြောင့် ၎င်းကို ဖယ်ထုတ်ပစ်လိုက်သည်။ တစ်စုံ
တစ်ယောက်ကို ကူညီရန်အရေး ကျွန်မ စိတ်ကသိကအောင့်
အဖြစ်မခံနိုင်၊ မခံချင်ပါ။
ဒေါသစိတ်နှင့် တုန့်ပြန်ရန် မကြာခဏ ကျွန်မ
သွေးဆောင်ခံရပြီး နောင်တကြီးစွာဖြင့် ကျွန်မ၀န်ခံချင်ပါသည်။
‘‘အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်၊ အမျက်မပြေဘဲ
နေမ၀င်စေနှင့် (ဧ ၄း၂၆)၊ ‘‘ကိုယ်အမှုအရာကိုသာ မရှုမမှတ်
ဘဲ၊ သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့ (ဖိ ၂း၎)
ဟူသည့် ရင်းနှီးကျွမ်းဝင်သည့် ထိုသမ္မာတရားများကို…
သာမန်လူများ
ဂိဒေါင်သည် သာမန်လူ တစ်ဦးပါ။ တရားသူကြီးမှတ်စာ ၆ တွင် မှတ်တမ်းတင်ထားသော
သူ၏အကြောင်းကို ကျွန်ုပ် ခွန်အားရသည်။ သူသည် လယ်သမားတစ်ဦးသာဖြစ်ပြီး
ရှက်ကြောက်တတ်သောသူ ဖြစ်သည်။ မိဒျန်လူမျိုးတို့၏ရန်မှ ဣသရေလလူမျိုးတို့
လွတ်မြောက်စေရန် သူ့ကို ဘုရားသခင် ခေါ်သောအခါ
ဂိဒေါင်၏မူလတုံ့ပြန်မှုမှာ ‘‘အိုသခင်၊ အကျွန်ုပ်သည်
ဣသရေလ အမျိုးကို အဘယ်သို့ ကယ်နှုတ်နိုင်ပါမည်နည်း။
အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး၌ သာ၍ဆင်းရဲ
ပါ၏။ အကျွန်ုပ်သည်လည်း ကိုယ်အဆွေအမျိုး၌
အယုတ်ဆုံးသောသူဖြစ်ပါ၏’’ (သူကြီး ၆း၁၅)။ ဘုရားသခင်
က ဂိဒေါင်နှင့်အတူ ရှိမည်ဖြစ်ပြီး စေခိုင်းသောအရာကို
အောင်မြင်ပြီးမြောက်လိမ့်မည်ဟု ကတိပေးခဲ့သည် (း ၁၆)။
ဂိဒေါင်၏နာခံမှုကြောင့် ဣသရေလလူတို့ အောင်ပွဲရခဲ့ပြီး
ကြီးမြတ်သော ယုံကြည်ခြင်းသူရဲကောင်းတစ်ဦးအဖြစ်
စာရင်းဝင်ခဲ့သည် (ဟေဗြဲ ၁၁း၃၂)။
အင်အားတောင့်တင်းသော ရန်သူများလက်မှ ဣသရေလလူမျိုးတို့အား
ကယ်တင်ခဲ့သော အကြံအစည်၌ အခြား လူတစ်ဦးချင်းစီသည်လည်း အရေးပါသော
နေရာမှ ပါဝင်ခဲ့ကြသည်။ တိုက်ပွဲအောင်မြင်ရန် ဘုရားသခင်သည် ဂိဒေါင်အား လူ ၃၀၀
ထောက်ပံ့ပေးခဲ့ပြီး သူတို့အားလုံးမှာ ရဲရင့်သောသူရဲကောင်းများ ဖြစ်ကြသည်။ သူတို့၏
နာမည်များကို မဖော်ပြသော်လည်း သူတို့၏ရဲစွမ်းသတ္တိနှင့်နာခံမှုကို ကျမ်းစာက
မှတ်တမ်းတင်ထားသည် (တရား…